အခွင့်အရေးရမယ်ဆိုရင် Line Walker 2 ဒါရိုက်တာရဲ့ တောက်တိုမယ်ရလေးဖြစ်ဖြစ်လုပ်ချင်တယ်ဆိုတဲ့ ဒါရိုက်တာ ကိုပေါက်


ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီး Line Walker ll ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးနေတာဖြစ်ပြီး မြန်မာသရုပ်ဆောင်နှစ်ယောက်ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကမ္ဘာကျော်ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေရဲ့အနုပညာတွေကိုတော့ မြန်မာနိုင်ငံက အနုပညာရှင်တွေကလည်း သွားရောက်လေ့လာပြီး ကြည့်ရှုခဲ့ကြတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုပေါက်က Line Walker ll ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းသို့သွားရောက်လေ့လာပြီး ပညာယူခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။

ချစ်ပရိသတ်တွေအတွက် Line Walker ရုပ်ရှင် ဇာတ်ကားရိုက်ကွင်းကြီးကို သွားရောက်လေ့လာခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုပေါက်ကတော့ “မနေ့က ရွှေတိဂုံဘုရား အရှေဘက်က Line walker ll ရိုက်ကွင်း။ တစ်နေကုန် လိုက်ကြည့်ပြီး မနေနိုင်တော့ လူရှင်းကူ၊ တစ်နည်းအားဖြင့် ဝါသနာရှင်တွေအတွက် လက်တွေ့သင်တန်းပေးပြီး သရုပ်ပြနေတယ်လို့မှတ်ပါတယ်။ ယူတတ်ရင်တော့ ရပါတယ်။” ဆိုပြီး လက်တွေ့သင်တန်းပေးပြီး သရုပ်ပြနေတယ်လို့သဘောထားကာ ပညာတွေယူခဲ့တဲ့အကြောင်း ရေးသားထားတာပါ။

ကိုပေါက်ကတော့ အဝေးကနေလှမ်းမျှော်ရင်း အခွင့်အရေးရမယ်ဆိုရင် ဒါရိုက်တာ jazz boon ရဲ့တောက်တိုမယ်ရလေးဖြစ်ဖြစ်လုပ်ချင်တာ ဆိုပြီး လည်း ရေးသားထားပါသေးတယ်။ ကိုပေါက်ရဲ့စာလေးကိုဖတ်ပြီး တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်နော်။

ကိုယ်လိုချင်တဲ့ ပညာကိုရဖို့ အတ္တကို ဘေးဖယ်ပြီး အကောင်းဆုံးကြိုးစားနေတဲ့ ကိုပေါက်ရဲ့စိတ်ဓါတ်ကတော့ တော်တော်လေးကို လေးစားစရာကောင်းလှပါတယ်နော်။ ကိုပေါက်ကတော့ လတ်တလောမှာ “စပါကလင်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အနုပညာရှင်တစ်ဦးရဲ့စိတ်ဓါတ်ပြည့်ဝတဲ့ ဒါရိုက်တာကိုပေါက်ကို အားပေးရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

crd-tipsmyanmar

878 Views

Leave a Reply

Your email address will not be published. Required fields are marked *