အလှမယ် သင်းသင်း ဟိုတယ်ခန်းတွင် ဝေဠုကျော်နဲ့ ပတ်သက်မှု တရာရုံးမှာ ထွက်ဆိုချက်များ

ဝေဠုကျော်က တာဝန်ယူမည်ဟု ပြောသည်ကို ယုံကြည်၍ လိုက်လျောခဲ့ကြောင်း အလှမယ်သင်းသင်း ထွက်ဆို။ သရုပ်ဆောင်ဝေဠုကျော် နှင့် ပထမဆုံး သိကျွမ်းသည့်နေ့၌ ကာမရယူခြင်းခံရသည်ဟု သင်း သင်းဦးက ယမန်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။အလှမယ်သင်းသင်း (ခ) မသင်းသင်းဦးက ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် သင်္ဃန်း ကျွန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး ယမန်နေ့ ရုံးချိန်း၌ တရားလိုကို စတင်စစ်ဆေးခဲ့ သည်။

ပြီးခဲ့သည့်နှစ် ဇွန်လအ တွင်း အမျိုးသမီးရေးရာအဖွဲ့က ပြုလုပ်သည့်ပွဲတွင် လူရွှင်တော် စူပါ၏ မိတ်ဆက်ပေးမှုဖြင့် ဝေဠုကျော်နှင့် စတင်သိကျွမ်းခဲ့ပြီး ယင်းပွဲမှ အိမ်အပြန်၌ ဝေဠုကျော်၏ ကားဖြင့် လမ်းကြုံလိုက်၍ စီးခဲ့ကြောင်း သင်းသင်းဦးက ထွက်ဆို သည်။ ထို့နောက် ဝေဠုကျော်က ဆိုင်တစ်ဆိုင်သို့သွား၍ မုန့်စားရန်ပြောသဖြင့် ဝေဠုကျော် အိမ်သို့ပြန်ကာ ပိုက်ဆံယူပြီးချိန်တွင် အကတိုက်ရန် လှမ်းခေါ်သောကြောင့် သုဝဏ္ဏလမ်းရှိ Goal ဟိုတယ်သို့ ခေါ်သွားကြောင်းနှင့် ဟိုတယ်သို့ ရောက်ရှိချိန်တွင် နှစ်ယောက်ခန်း တစ်ခန်းယူကာ ထမင်းကြော်မှာပေးပြီး အအေးတစ်ဘူး ထားပေးကြောင်း ယမန်နေ့ရုံးချိန်း၌ ထွက်ဆိုခဲ့သည်။

အအေးသောက်ပြီးချိန်တွင် ခေါင်း မူးလာသောကြောင့် ခုတင်ပေါ်၌ အိပ်ပျော်သွားရာ အခန်းအတွင်းသို့ ဝေဠုကျော် ရောက်ရှိ လာသည်ကို မသိရှိဘဲ အဝတ်များချွတ်သည့်အချိန်မှ သိခဲ့ကြောင်း၎င်းက ထွက်ဆိုခဲ့သည်။ ပထမဆုံးတွေ့ရှိသည့်အချိန်တွင် ယင်းကဲ့သို့ ပြုလုပ်သည်မှာ မသင့်လျော်ကြောင်း ၎င်းက ငြင်းဆိုသော်လည်း ဝေဠုကျော်က တာဝန်ယူပါ့မယ်ဟု ပြောကြားသည့်အပြင် ၎င်းကိုယ်တိုင် ခေါင်းမူးနေသောကြောင့်ရုန်း၍ မရခဲ့ကြောင်း မသင်းသင်းဦးက ထွက်ဆိုခဲ့သည်။

ဝေဠုကျော်နှင့် ပတ်သက် သည့် ခုနစ်လခန့်အတွင်း ကိုးကြိမ်ထက်မနည်း ကာမရယူခံရပြီး ဝေဠုကျော်ကို တာဝန်ယူမည့်သူတစ်ဦးအနေဖြင့် ယုံကြည်သောကြောင့် လက်ခံခဲ့သည်ဟု မသင်းသင်းဦးက ထွက်ဆိုခဲ့သည်။ အဆိုပါ အမှုအတွက် မီဒီယာများက အင်တာဗျူးဖိုင်များ၊ တယ်လီဖုန်း အသံဖိုင်များ၊ ဓာတ်ပုံများနှင့် ဗိုက်ဗာ၊ မက်ဆင်ဂျာတို့မှ ပြောကြားထားသည့် စာများကို မသင်းသင်းဦးဘက်က သက်သေအဖြစ် တင်ပြခဲ့ပြီး ဝေဠုကျော်၏ ရှေ့နေကလည်း ကန့်ကွက်ရန်မရှိကြောင်းပြောကြားသည်။ ယင်းအမှု အတွက် ရုံးချိန်းကို မတ်လ ၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ထိုရုံးချိန်းတွင် တရားလိုဘက်က တင်ပြလာသည့် သက်သေများကို စစ်ဆေးမည်ဖြစ်သည်။

Credit-7Day

Unicode














Credit-7Day

2,499 Views

Leave a Reply

Your email address will not be published. Required fields are marked *