Line Walker ရိုက်ကွင်းကိုသွားလည်ရင်းနဲ့ ဒါရိုက်တာသဘောကျပြီး သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ မင်းရာဇာ

မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားစာရင်းဝင်သူ မင်းရာဇာကတော့ သဘာဝကျတဲ့ အက်ရှင်မင်းသားအဖြစ်ပရိသတ် လက်ခံအားပေးမှုကိုရရှိထား သူတစ်ဦးပဲ ဖြစ်ပါတယ်။မင်းရာဇာကတော့ အနုပညာလောကမှာအောင်မြင်မှုတွေ ရရှိထားသလို လက်ရှိမှာ အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်တဲ့မိသားစု ဘဝလေး နဲ့ စိတ်ချမ်းသာပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။

အက်ရှင်လောကမှာ မင်းရာဇာ ဆိုတဲ့နာမည်တစ်လုံးရအောင် ကြိုးစားလာခဲ့တဲ့ အသီးအပွင့်အနေနဲ့ အခု မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးနေတဲ့ Line Walker ကားမှာပါဝင် သရုပ်ဆောင် ခွင့်ရတော့မှာ ဖြစ်တယ်လို့သိရပါတယ် ။

ဒီကားမှာ Killer Leader နေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး ခုချိန်ထိ ဘယ်လိုရိုက်မလဲဆိုတာကိုတော့ မသိရသေးပါဘူးတဲ့ ။ မင်းရာဇာအနေနဲ့လည်း သူဖြစ်ချင်နေတဲ့အရာ ၊ ပါဝင်ချင်နေတဲ့အရာတွေ က ဒါတွေဖြစ်လို့ အရမ်းကိုပျော်ပါ တယ်လို့ ဆိုပါတယ် ။ ဒီဇာတ်ကားမှာ ပါဝင်ဖို့အစီအစဉ်မရှိပေ မယ့် ရိုက်ကွင်းကို သွားလည်ရင်း ဒါရိုက်တာက သဘောကျပြီး ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းလို့ ရိုက်ကူးဖြစ်တာပါလို့ပြောပြခဲ့ပါတယ် ။

1,323 Views

Leave a Reply

Your email address will not be published. Required fields are marked *