Aung La Nsang(Burmese Python) အတွက် vote လေး လုပ်ပေးကြပါဦး


ကျွန်တော့်မိတ်ဆွေတွေအတွက်အသိပေးချင်တဲ့သတင်းစကားတစ်ခုရှိပါတယ်။ တစ်ချို.လည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ အဲ့ဒါက MMA လောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ World MMA Awards ဆုပေးပွဲမှာကျွန်တော့်အမည်စာရင်းထည့်သွင်းခံထားရတယ်ဆိုတာပါပဲ။ Fighters Only Magazine က ပြုလုပ်တဲ့ ဒီဆုပေးပွဲဟာ နိုင်ငံတကာမှာရှိတဲ့ MMA ပြိုင်ပွဲတွေထဲက ထူးချွန်တဲ့ ကစားသမားတွေကို ရွေးချယ်တာဖြစ်ပြီး ဆုကိုတော့ ပရိတ်သတ်ပေးတဲ့ Vote နဲ့ ရွေးချယ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်အခုကျွန်တော့်အမည်စာရင်း ထည့်သွင်းလျာထားခံရတဲ့ ဆုတွေဟာ “ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွေမှာ ရွှေဖိနပ်ဆု” ချီးမြင့်သလိုမျိုး MMA ထူးချွန်ကစားသမားတွေအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ ဆုတွေဖြစ်ပါ တယ်။ အဲ့ဒီရင်ခုန်စရာကောင်းတဲ့ ဆုစာရင်းမှာ ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးက အထင်ကရ ဖိုက်တာတွေနဲ့ တစ်တန်းတည်းဖြစ်တဲ့ Charles “Mask” Lewis Fighter of the Year ဆုအတွက် လျာထားခြင်းခံရတာဖြစ်ပါတယ်။ အဲ့ဒီအပြင်နောက်ထပ်ဆုအမျိုးအစားတစ်ခုဖြစ်တဲ့ International Fighter of the Year ဆုအတွက်လည်း နိုင်ငံတကာ MMA Fighter တွေနဲ့ အပြိုင်လျာထားခြင်းခံရပါတယ်။ ဒီဆုတွေက ပရိတ်သတ်တွေ ရွေးချယ်တဲ့အပေါ်မှာမူတည်ပြီး ပေးအပ်တာမျိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ပရိတ်သတ်ကပေးတဲ့ Vote တွေထက် ကျွန်တော့်နိုင်ငံက ပရိတ်သတ်တွေကပေးမဲ့ Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို နိုင်ငံတကာအလည်မှာ ပိုမိုသိလာစေမယ့်အပြင် ကျွန်တော်တို့နိုင်ငံကိုလည်းပိုပြီးလူသိများလာစေနိုင်မယ့်အခြေအနေမျိုးလည်းဖြစ်ပါတယ်။ ဒီတော့ ဒီဆုအတွက် ကျွန်တော့်ကို Vote လုပ်ချင်တယ်ဆိုရင် ဒီလင့်မှာ
https://www.worldmmaawards.com/vote
မိမိအမည် Email စတာတွေဖြည့်သွင်းပြီး Vote လုပ်နိုင်ပါတယ်။ဒီတစ်ခါလည်း ခါတိုင်းကျွန်တော်ပြောနေကျလိုပဲ ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်မှုကို ပြကြရအောင်ပါ။
#voteaungla #teamaungla #teammyanmar
source-Aung La Nsang(Burmese Python)

2,780 Views

Leave a Reply

Your email address will not be published. Required fields are marked *