မန္တလေး နေအိမ်တလုံးတွင် မကြာခဏ မီးထတောက်နေသဖြင့် မီးသတ်ကားများ စောင့်ကြည့်

မီးထတောက်နေတာကြောင့် မီးသတ်ကားနဲ့ စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။အိမ်နီးချင်းဖြစ်သူ ကိုပေါက်က “မနေ့က ကိုးကြိမ်၊ ဒီနေ့ လေးကြိမ် လောင်ပါတယ်။ အိမ်အတွင်းပိုင်းက အဝတ်အစားတွေ ရေဘေစင်တွေ ရေတံလျှောက်တွေမှာ သူ့ဘာသာ ထလောင်တာ။

သိလို့ သွားငြှိမ်းတာနဲ့ သူ့ဘာသာ ပြန်ငြိမ်းသွားတယ်။ ဒေသအပြောကတော့ ပုဏ္ဏကတိုက်သလို ဖြစ်တာလို့ ပြောသလို အပူချိန်လွန်ကဲ ထတောက်တာလို့လည်း ပြောပါတယ်။ ကျနော်တို့ အိမ်နီးချင်းတွေကတော့ စိုးရိမ်ပြီး စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။အဲဒီအိမ်ကို အစိုးရဌာနဆိုင်ရာတွေ လာရောက်မေးမြန်းမှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံ မီးသတ်သတ်ဖွဲ့က မီးသတ်ကားနဲ့ စောင့်ကြည့်နေပါတယ်။ဒါ့အပြင် ဘုန်းတော်ကြီးတွေကိုပါ ပင့်ဆောင်ပြီး ပရိတ်ရွတ်ဖတ်မှုတွေလည်း ပြုလုပ်နေပါတယ်။ အိမ်အတွင်းပိုင်းက မီးလောင်လွယ်တဲ့ အဝတ်အစား၊ စောင်နဲ့ စာရွက်စာတမ်းတွေကိုလည်း အိမ်အပြင်ထုတ်ထားတယ်လို့ သိရပါတယ်။

By ဒီဗွီဘီ 19 April 2019

ဗိုလ်သူရိန်

FB live Video-Thida Aung

 

816 Views

Leave a Reply

Your email address will not be published. Required fields are marked *