မန်းလေးသူ မန်းလေးသားတွေအပေါ်အမြဲတာဝန်ကျေတဲ့မြို့တော်စည်ပင်

ဆိုင်ကယ်စီးသူများအတွက် ပူပြင်းတဲ့ နေ့လည်နေဒဏ်ကို ကာကွယ်ပေးဖို့ပါ။
•••••••••••••••••••••••••••••••••••••••••••
ဒီနှစ်နွေက ခါတိုင်းထက်ပိုပူလို့ ဆိုင်ကယ်စီးသူများအတွက် နေ့လည်အပူဒဏ်ကို အထိုက်အလျောက်လျှော့ချနိုင်ဖို့ construction safety net တွေနဲ့ အမိုးမိုးပေးလိုက်ပါတယ်။ လေဒဏ်ခံနိုင်အောင်လည်း ဂရုစိုက်ရသေးလို့ ၉မီတာမီးတိုင်တွေကို ၂ပေခွဲ concrete footing တွေနဲ့စိုက်ထူရတာပါ။ ပိုခိုင်ခံ့အောင် steel wire rope တွေသုံးပြီး လေအတိုးခံနိုင်အောင် ၄ပေအကျယ် construction safety net တွေကိုလည်း တစ်ခုနဲ့တစ်ခု ပူးမချုပ်ပါဘူး။ အတတ်နိုင်ဆုံးကြိုးစားပြီးအန္တရာယ်ကင်းအောင် လုပ်ပေးထားတာပါ။နောက်ထပ်နေရာတွေကိုလည်း ရွေးပြီး တတ်ဆင်ပေးသွားပါမယ်။

မီးတိုင်တွေကို နွေအပြီးမှာပြန်ဖြုတ်ပြီး ပိုက်နဲ့စတီးဝါယာတွေကိုတော့ နောင်နှစ်တွေမှာပြန်သုံးနိုင်အောင် စနစ်တကျ သိမ်းဆည်းသွားမှာပါ။ ပထမဆုံးနေရာအနေနဲ့ ဆိုင်ကယ်အသွားများတဲ့ ၇၈လမ်း စစ်ကိုင်းလမ်းဆုံမှာ မနေ့ညကတပ်ဆင်ပြီး ပိုစိတ်ချရအောင် ကွင်းဆင်းစစ်ဆေးတာပါ။

ပထမဆုံး ၃ နေရာကို ရိမ်းဘိုးဆိုင်ကယ်အပိုပစ္စည်းဆိုင်က လှူဒါန်းမယ်လို့ ဒီနေ့ပဲလာပြောသွားလို့ အလှူရှင်ကိုကျေးဇူးအများကြီးတင်ပါတယ်။ အလှူငွေတွက်တဲ့အခါ မီးတိုင်တွေအတွက် ထည့်မတွက်ပါဘူး။ မြို့တော်အတွက် မြို့တော်သားတွေနဲ့ အမြဲလက်တွဲဆောင်ရွက်နေတဲ့ စည်ပင်ပါ။

528 Views

Leave a Reply

Your email address will not be published. Required fields are marked *