အားကောင်းလာသော ဆိုင်ကလုံးမုန်တိုင်း


ဆိုင်ကလုံးမုန်တိုင်းသတင်း(၃၀.၄.၂၀၁၉ ရက်နံနက် ၂း၂၅ အချိန်တွင် ထုတ်ပြန်သည်)
Severe Cyclone Syorm Fani (BOB?01/2019)
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အနီးပတ်ဝန်းကျင်ဒေသတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုံးမုန်တိုင်း Fani ဟာ အနောက်မြောက်ယွန်းယွန်းသို့ 16km/hr နှုန်းဖြင့်ရွေ့လျား လာရင်း အားကောင်းသော ဆိုင်ကလုံး မုန်တိုင်းကြီး (Severe Cyclone Storm)အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ ၂၉ ရက်နေ့ညနေ ၆း၃၀ အချိန်တိုင်းတာချက်အရ ဆိုင်ကလုံးမုန်တိုင်းကြီးသည် Lat: 10.1°N, Long. 86.7°E ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း နဲ့ဆက်စပ်နေတဲ့ အနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံ Andhra Prades ပြည်နယ်ရှိမြို့တော် Machilipatnam ရဲ့ အရှေ့မြောက်ယွန်းယွန်း 620km အကွာရေပြင်ပေါ်တွင် ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းကြီးသည် လက်ရှိအားဖြင့် ဗဟိုချက်အနီး လေတိုက်နှုန်းမှာ 55knots ရှိနေပြီး၊ နောက် ၂၄နာရီအကြာတွင် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး Very Severe Cyclone Storm အဖြစ်သို့ အားကောင်းလာနိုင်ပြီး ၊ နောက် 36 နာရီအကြာတွင် အရှေ့မြောက်ယွန်းယွန်းသို့ စတင်ကွေ့ကာ ရွေ့လျားသွားနိုင်ပါသည်။ နောက် 96 နာရီအကြာမှာ အိန္ဒိယ နိုင်ငံ အရှေ့မြောက်ကမ်းခြေကို ဖြတ်ကျော်ပြီး ကုန်းတွင်းကို ဝင်ရောက်သွားမယ်လို့ ခန့်မှန်းရပါသည်။ ကမ်းကိုဝင်ရောက်သည်အထိ ဆက်လက်အားကောင်းနေပြီး အများဆုံး လေတိုက်နှုန်းမှာ 110knots ရှိနိုင်ပါသည်။ မုန်တိုင်း ဒီရေအများဆုံး တက်နိုင်သော အမြင့်မှာ ၂၃ ပေခန့် ရှိနိုင်ပါသည်။

ဒေါက်တာထွန်းလွင်

846 Views

Leave a Reply

Your email address will not be published. Required fields are marked *