ကမ္ဘာပေါ်တွင် နာမည်တူအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းဝင်ပြီး ဂရင်းနစ်စံချိန်တင်ရန် မျှော်မှန်း


ကမ္ဘာပေါ်တွင် နာမည်တူအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းဝင်ပြီး ဂရင်းနစ်စံချိန်တင်ရန် မျှော်မှန်း
****************************************************************************************

ဝါရင့်ကမ ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံသား ဒေးဗစ်ဂရန်း၏ အင်တာဗျူးတစ်ခုတွင် မြန်မာခရီးစဉ်တစ်ခုအား ၎င်းက ဖွင့်ဟပြီးနောက် နာမည်တူအများဆုံးအဖြစ် ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားမှုများပြားလာခဲ့သည် ။ ဒေးဗစ်ဂရန်း ၏ တစ်လခန့်ကြာမြင့်သော မြန်မာနိုင်ငံတစ်ဝန်းခရီးစဉ်ကို အောက်ပါအတိုင်း ဖွင့်ဟသွားခဲ့သည် ။ “ကျနော် ဗမာပြည်ကိုရောက်တော့ လေဆိပ်ကနေဟိုတယ်ထိ ဒီအတိုင်းပဲ ဘာမှမထူးခြားဘူူး။ အဲ ဟိုတယ်ရောက်ပြီး ညပိုင်း အပျင်းပြေလမ်းလျှောက်ပြီး နဲနဲညောင်းလာလို့ မာဆတ်လို့ခေါ်တဲ့ အနှိပ်ခန်းတစ်ခုကို ဝင်ပြီး အပန်းဖြေမိတယ် ။

အဲဒီ့မှာ သူနဲ့စတွေ့တာပဲ သူ့နာမည်က သံစဉ် ။ ဧရာဝတီတိုင်း ရွာလေးတစ်ရွာက လာတယ်။
အမေအိုကြီးကို လုပ်ကျွေးတယ် ၊ မောင်လေး ညမလေးတွေကို ထောက်ပံ့တယ်။ သူ့အပြောမှာမျောသွားပြီး ဒေါ်လာ ငါးဆယ်လောက် ပလုံသွားတယ် ။ နောက်နေ့ကျ အပြောင်းအလဲဖြစ်သွားအောင် နောက်ဆိုင်တစ်ဆိုင် ပြောင်းလိုက်တယ် ။ ကျနော်တော်တော်အံ့သြသွားတယ် ။
အဲဒီမှာလည်း သံစဉ်ဆိုတဲ့ကောင်မလေးပဲ ။ နာမည်ပဲတူတယ် လူတော့မတူဘူး ။ အဲဒီ့နောက်ပိုင်းမှာတော့ နာမည်ကြီး KTV ၊ မာဆတ် တော်တော်များများကို ရောက်ဖြစ်တဲ့အချိန်မှာတော့ ကမ္ဘာ့အံ့ဖွယ်တွေနဲ့ကြုံတွေ့ရတော့တာပါပဲ ။ သံစဉ် ၊ ဂျုဂျူး ၊ မြတ်နိုး ၊ တွယ်တာ ၊ လဝန်း ၊ ရတီ ၊ ရွှန်းလဲ့ ၊ ဝိုင်းချစ် ၊ ကြယ်စင် ဆိုတဲ့ နာမည်တူမိန်းကလေးပေါင်း အမြောက်အမြားတွေ့ခဲ့ရပါတယ် ။ နာမည်တူပြီး လူချင်းမတူပေမယ့် သူတို့လည်း ဧရာဝတီတိုင်း ရွာလေးတစ်ရွာကပဲ မိအိုဖအို လုပ်ကျွေး မိသားစုထောက်ပံ့ အကုန်အတူတူပါပဲ..” အထက်ပါအတိုင်း ဖွင့်ဟသွားတဲ့ ဒေးဗစ်ဂရန်းဟာ သူ့ဘဝမှာ အာဖကန်၊ ပါကစ္စတန် စတဲ့ မွတ်စလင်နိုင်ငံတွေမှာ မာမွတ်တို့ ၊ ရာကွတ်တို့ ၊ မိုဟာမက်တို့လောက်ပဲ နာမည်တူအမြားအပြားရှိတယ်လို့ထင်ထားခဲ့သူ ဖြစ်ပြီး မြန်မာပြည်ရောက်ရှိတဲ့အချိန်မှာတော့သူ့ထင်တာတွေ လွဲမှားတယ်ဆိုတာ သိရှိခဲ့သူဖြစ်ပါတယ် ။

သူ့ရဲ့မြန်မာပြည်ခရီးစဉ်မှာ သံစဉ်ပေါင်း အယောက်ရှစ်ဆယ်လောက် ၊ ဂျုဂျူး အယောက် ကိုးဆယ် ကျန်တဲ့ ရတီ၊ ဖူးပွင့် ၊ ကြယ်စင်ပေါင်း မရေမတွက်နိုင်အောင်ကြုံတွေ့ခဲ့ရကြောင်း ဖွင့်ဟသွားပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာရဲ့ အာရုံစိုက်ခြင်းခံရပြီး ကမ္ဘာ့နာမည်တူ အများဆုံး
နိုင်ငံအဖြစ် မှတ်တမ်းဝင်ရန် ရေပန်းစားခြင်း ခံရလျှက်ရှိသည် ။

😁😁😁
Credit ;News #AB Via-William Wallace

1,005 Views

Leave a Reply

Your email address will not be published. Required fields are marked *