MNA လေယာဉ် ယနေ့ မနက်ပိုင်းက မတော်တဆဖြစ်ပွားခဲ့မှု မှတ်တမ်း Video

ယနေ့ MNA လေယာဉ် တစီး မန္တလေး လေဆိပ်သို့ ဆင်းသက်ရာ အရေးပေါ်အခြေအနေတခုထိ အမြန်ဆင်းသက်ခဲ့ရပါတယ် ။ ဆင်းသက်ချိန်မှာလဲ စီးနှင်းလိုက်ပါသူများ အန ္တရယ် မဖြစ်အောင် လေယာဉ်ဆီ ကုန်အောင်ပတ်မောင်းပြီးနောက်ဆုံး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ တကယ်တော်တယ်လို့လဲ လေယာဉ်မှုးနဲ့ လေယာဉ်ပေါ်ကဝန်ထမ်းတွေကို လေးစားလျှက်။ အဆိုပါ လေယာဉ် UB 103 က YGN to MDY သို့ ပျံသန်းလာစဉ်မှာ လေယာဉ်မှူး မြတ်မိုးအောင်အပါအဝင်(၇)ဦး၊ လေယာဉ်လုံခြုံရေး လရဖမှ ဒုရဲအုပ် ဧရာဝင်း အပါ (၂) ဦး ၊ မြန်မာခရီးသည်(၇၂)ဦး ၊ နိုင်ငံခြား ခရီးသည် (၈)ဦး အပါအဝင် စုစုပေါင်း (၈၀) လိုက်ပါစီးနှင်းပြီး တစ်ဦးမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်းသိရှိရပါတယ်။

သရုပ်ဆောင် ယုသန္တာတင် ကတော့ သူ့အကောင့်မှာ ဒီလိုလေးတင်ထားပါတယ် “ဘဝမှာ ကိုယ်စီးတဲ့လေယာဉ် ပေါ်ကနေ ဒီလိုအရေးပေါ်အခြေအနေ ဆငိးပြေးရမယ့်လို့ တစ်ခါမှ မတွေးခဲ့ဘူးဖူး ….လေယာဉ်ပေါ်မှာအရေးပေါ်အခြေအနေ ကြေငြာထဲကကြောက်တာ အသက်ရှု ရပ်မလိုပဲ .ကောင်းကင်ကမဆင်းခင်ထဲက ပြေးလမ်းတယောက် မီးသတ်ကားတွေ အသင့်အနေထားနဲ့စောင့်နေတာကိုမြင်ထဲက ကိုယ်လေယာဉ်အခြေအနေကို သိပီးပိုကြောက်တာ. လေယာဉ် အရေးပေါ်ဆင်းခါနီး ဆီကုန်အောင်ပတ်ပီးမှ လေယာဉ်တစ်စီးလုံးမီးခိုးတွေနဲ့ အရေးပေါဆင်းမယ်အသင့်အနေအထားဆိုတာနဲ့ နောက်ဆုံးအခြေအနေ လို့စိတိထဲတင်းပီ နေခဲ့တာ ကံကောင်းလို့ အသက်ရှင်ခွင့်ရခဲ့တယ် #MNAလေယာဉ်မှူးကြီးနဲ့ လေယာဉ်မယ်တွေ ရဲ့အရေးပေါ်အခြေအနေ မှာဆုံးဖြတ်ချက်မှန်ကန်လို့သာ အသက်ရှင်ခွင့်ရခဲ့တာ🙏🙏🙏”

Bro Ye Htut Aung Timeline မှာလဲ  လေယာဉ်မှူး နဲ့ လေဆိပ်က ဝန်ထမ်းများကို အခုလို ချီးကျူးထားပါတယ်။ “Nose wheel လုံးဝချမရဘဲ safely landed ရအောင်ကျိုးစားဆင်းသက်ပေးခဲ့သော Embraer 190 Captain Myat Moe Aung နဲ့ MNA Flight Crew အားလုံးကိုချီးကျူးပါတယ်၊ အလားတူ လေယာဉ်ဘေးကင်းစွာဆင်းသက်နိုင်အောင်ဝိုင်းဝန်းကူညီပေးခဲ့သော MIA (DCA) Air Traffic Controller များ၊ MJAS ( Operation Control Center ) နဲ့ ARFF မှ ဝန်ထမ်းများအား မှတ်တမ်းတင်ကြောင်းပြောကြားလိုပါတယ်။

Congratulations Nyi Lay Myat Moe Aung !” ဆိုပြီးတင်ထားပါတယ်။

ဒါကတော့ လေယာဉ်ပေါ်မှာ တင်ထားတဲ့ ယုသန္တာတင်ရဲ့ Video ပါ။

ဒီ Video တော့ Bro Chan Nyein Aung ရဲ့ လေဆိပ်အထဲကနေ ရိုက်ထားတဲ့ Video ပါ။

ဓာတ်ပုံများက သရုပ်ဆောင် ယုသန္တာတင် နဲ့ ခင်လေးနွယ်တို့ Facebook ကယူထားပါသည်။ video များကိုတော့ သရုပ်ဆောင် ယုသန္တာတင် နဲ့ ချမ်းငြိမ်းအောင် တို့ Facebook ကယူထားပါတယ်။

990 Views

Leave a Reply

Your email address will not be published. Required fields are marked *