ဇွန်လမှစတင်ပြီး ကျပ် သိန်း ၁ သောင်းထီဆုကြီး ထပ်တိုးချီးမြှင့်မည်

ဇွန်လမှစတင်ပြီး ကျပ် သိန်း ၁ သောင်းထီဆုကြီး ထပ်တိုးချီးမြှင့်မည်

အခုဇွန်လ ထွက်ရှိမယ့် လေးကြိမ်မြောက် အောင်ဘာလေ ၁ ထောင်ကျပ်တန်ထီမှာ ကျပ်သိန်း ၁ သောင်း ထီဆုကြီးကို ထပ်ထိုးပေးသွားမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ပြောပါတယ်။

“ဒီလမှာ ထူးခြားစွာနဲ့ သိန်း ၁ သောင်းဆုကို သိန်း ၁ သောင်း ၅ ထောင်ပြီးရင် သိန်း ၁ သောင်းဆုကို ဖြည့်စွက်ပြီးတော့ ပေးသွားမှာဖြစ်ပါတယ်။ ဒါအများပြည်သူရဲ့ ဝယ်လိုအားကို တက်လာအောင် နိုင်ငံတော်ဘက်က စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်” လို့ ပြည်တွင်းအခွန် ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ပြောပါတယ်။

ဒါ့အပြင် ထီပေါက်ပြီး ထီလာမထုတ်ဖြစ်ကြတဲ့ ဆုငွေတွေကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တာဖြစ်ပေမယ့် မကြာခင်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြီ အဲ့ဒီ သိမ်းဆည်းဆုငွေတွေကို ထီဆုတွေအနေနဲ့ ပေးနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီလို ဆုမဲတွေ များလာမယ်ဆိုရင် ထီရောင်းအားကောင်းလာပြီးတော့ နိုင်ငံတော် ဘဏ္ဍာငွေလည်း တိုးလာနိုင်ဖို့ရှိတဲ့အတွက် အခုလို ဆောင်ရွက်ရတာလို့ ဦးကျော်ကျော်က ပြောပါတယ်။

1,775 Views

Leave a Reply

Your email address will not be published. Required fields are marked *