ကမ္ဘာ့ပထမဦးဆုံးအရာတွေကို တီထွင်ခဲ့ကြသူများ

ကမ္ဘာပေါ်က ဖြစ်တည်မှုတိုင်းမှာ ကနဦးအစဆိုတာကတော့ ရှိစမြဲပါ။ အစားအသောက်အရာဝတ္ထု အဆောက်အအုံ ဖြစ်တည်ှတဲ့အရာတွေမှာတေ့ာ ပထမဆုံး တီထွင်လိုက်တဲ့သူ တွေ့ရှိလိုက်တဲ့သူ ဖန်တီးလိုက်တဲ့သူဆိုတာ ရှိပါတယ်။ ကမ္ဘာ့သမိုင်းမှာ အတော်လေး အသုံးဝင်ပြီး အရေးပါတဲ့ အရာတွေကလည်း ပထမဆုံး တီထွင်ဖန်တီးတဲ့သူတွေ ရှိပါတယ်။ ဒီလိုမျိုး လူ့သမိုင်းမှာ အရေးပါတဲ့အရာတွေကို တီထွင်ခဲ့တဲ့သူတွေကိုတော့ ကျွန်တော်တို့ ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ပေချ့်က ဖော်ပြပေးချင်တာကတော့ ပထမဆုံးအရာတွေကို တီထွင်ခဲ့ကြတဲ့သူတွေကို ဖော်ပြလိုက်ပါတယ်။

၁.Alexander Graham Bell

Alexander Graham Bell ကတော့ UK မှာ မွေးဖွားခဲ့တဲ့ သိပ္ပံပညာရှင်၊ တီထွင်သူ၊ အင်ဂျင်နီယာတယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံးနဲ့ သမိုင်းမှာ အရေးပါဆုံးသော တီထွင်မှုကတော့ တယ်လီဖုန်း ဖြစ်ပါတယ်။ သူကတော့ ၁၈၈၅ မှာ အမေရိကန်နိုင်ငံမှာ တယ်လီဖုန်း ကုမ္ပဏီကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ သူဟာ လူသားတွေ နေ့စဉ် အသုံးပြုနေတဲ့တယ်လီဖုန်းကို ပထမဆုံးသောတီထွင်ခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

၂.Laszlo Biro

Laszlo Biro ဆိုတဲ့သူကိုတော့ သိတဲ့သူရှားပါလိမ့်မယ်။ ဒါပေမယ့်လည်း သူကတော့ လူသားတွေအတွက် အရမ်းကို အရေးပါပြီး နေ့စဉ်အသုံးပြုနေတဲ့အရာကို တီထွင်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။ သူကတော့ ဘောပင်ကို ပထမဆုံးတီထွင်ခဲ့တဲ့ ဟန်ဂေရီနိုင်ငံသားလည်း ဖြစ်ပါတယ်။ သူ့ကြောင့် ဒီဖက်ခေတ်မှာ ကျွန်တော်တို့အနေနဲ့ မှင်တွေ ဖောင်တိန်တွေ ငှက်မွှေးတွေကို အသုံးပြုစရာ မလိုတော့ပါဘူး။

၃.Wright ညီနောင်

အမေရိကန်နိုင်ငံဖွား Wright ညီနောင် ကတော့ သမိုင်းမှာ အရေးပါဆုံးသော အရာကို ဖန်တီးခဲ့ပါတယ်။ လေပေါ်မှာ ပထမဆုံး ပျံ့သန်းလို့ရတဲ့ ယာဉ်ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့တီထွင်မှုကြောင့် ဒီဖက်ခေတ်ကြီးမှာ တနေရာနဲ့ တနေရာကို လျင်မြန်ချောမွတ်စွာ သွားနိုင်တာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကိုယ်တိုင်ကလည်း လေယာဉ်မှူး၊ အင်ဂျင်နီယာ၊ တီထွင်သူ ဖြစ်ခဲ့ပါတယ်။

၄.Charles Babbage

Charles Babbage ကတော့ ကွန်ပျူတာကို ပထမဦးဆုံး စတင်တီထွင်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။ သူကတော့ ယူနိုက်တက်ကင်းဒန်းမှာ မွေးဖွားခဲ့ပြီး သင်္ချာပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ တီထွင်သူ၊ ဆေးပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပညာတော်တော်များများကို တက်မြောက်ထားတဲ့ သူ့အတွက် ကွန်ပျူတာဆိုတဲ့ အရာကို တီထွင်ခဲ့တာဟာ သိပ်ပြီးတော့ အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ပညာပါလှတဲ့ တီထွင်မှုကြီးကတော့ ဒီဖက်ခေတ်မှာ အရမ်းကို အသုံးဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

၅.Henry A.Fischel

Henry A.Fischel ကတော့ အရေးပါတဲ့အရာတခုကို ပထမဆုံးချပြခဲ့ပေမယ့်လည်း လူငယ်တော်တော်များများကတော့ သူ့ကိုမုန်းနေကြမှာ သေချာပါတယ်။ ဘာလို့လည်းဆိုတော့ ပရော်ဖက်ဆာ တယောက်ဖြစ်တဲ့ Henry A.Fischel ဟာ စာမေးပွဲဆိုတဲ့ အရာကို ပထမဆုံးညွှန်ကြားခဲ့ပြီး အဆင့်သတ်မှတ်ချက်တွေ အမှတ်သတ်မှတ်ချက်တွေကို သူပထမဆုံးတီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ၂၀၀၈ ခုနှစ်တုန်းကမှ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

၆.Ralph H.Baer

တီထွင်မှုတွေ တော်တော်များများမှာတော့ Ralph H.Baer ရဲ့တီထွင်မှုကို တော်တော်များများက ကျေးဇူးတင်နေကြမယ် ထင်ပါတယ်။ Ralph H.Baer ကတော့ ပထမဦးဆုံး ဗီဒီယိုဂိမ်းကို တီထွင်ခဲ့တဲ့သူကြီး ဖြစ်ပါတယ်။ ဂိမ်းလောကရဲ့ ဖခင်ကြီးတယောက်ပေါ့။ သူကတော့ ဂျာမနီနိုင်ငံသား ဖြစ်ပြီး ပထမဦးဆုံးလျှပ်စစ်မီးနဲ့ တီဗီဖန်သားပြင်ပေါ်မှာ ဆော့လို့ရတဲ့ ဂိမ်းကိုတီထွင်ခဲ့တာ ဖြစ်ပါတယ်။

၇.Thomas Edison

Thomas Edison ကတော့ အမေရိကန် စွန့်ဦးတီထွင်သူနဲ့ စီးပွားရေးသမား တယောက်ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံးသော တီထွင်မှုကြီးကို တီထွင်နိုင်ခဲ့ပါတယ်။ သူကတော့ လျှပ်စစ်စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လျှပ်စစ်မီးသီးကို ပထမဦးဆုံးတီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့တီထွင်မှုကိုလည်း အားလုံးကို ကျေးဇူးတင်နေမှာပါ

 

 

 

 

86 Views

Leave a Reply

Your email address will not be published. Required fields are marked *