မသေခင်သိသွားသင့်တဲ့ အံ့ဖွယ်သိပ္ပံဆိုင်ရာ အချက်အလက်များ

ကျွန်တော်တို့အတွက် သိပ္ပံပညာဟာအရမ်းကို အရေးကြီးပါတယ်။ ဒါပေမဲ့လည်း လူသားတွေအနေနဲ့ ဒီသိပ္ပံပညာရပ်တွေကို အရမ်းကြီး စိတ်ဝင်စားမှုမရှိကြပါဘူး။ တကယ်တမ်းဆိုရင် သိပ္ပံပညာရပ်ဟာ ကျွန်တော်တို့ လူ့ဘောင်အဖွဲ့အစည်းအတွက် ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ပေးနိုင်ပြီး အရမ်းကို အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းက သင်ခန်းစာတွေမှာ သိပ္ပံပညာရပ်ကို ထည့်သွင်းသင်ကြားစေတာ ဖြစ်ပါတယ်။ သိပ္ပံပညာရပ်ကတော့ နေစဉ်နဲ့ အမျှပိုပိုတိုးလာပြီး တကယ်လည်း အံ့သြဖို့ ကောင်းပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ သာမန်လူတွေအနေနဲ့ သိပ္ပံပညာရပ်ကို သတိမထားမိကြပါဘူး။ ဒါကြောင့် ပြောချင်လွန်းလို့ပေ့ချ်က ဒီတခေါက်ဖော်ပြပေးချင်တာကတော့ သိပ္ပံပညာရပ်နဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁.လူသားတွေ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပုံမှန် DNA တွေကိုဆန့်ထုတ်လိုက်ပါက နေကနေ ပလူတိုဂြိုလ် အကွာအဝေး ၁၇ ကြိမ်စာ အရှည်ရှိပါတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ်မှာ မတူညီတဲ့မျိုးရိုးဗီဇတွေ ရှိပါတယ်။ တစ်ဦးတယောက်ချင်းစီမှာ မျိုးရိုးဗီဇဆဲလ်တွေရှိပြီးသားပါ။ ဒါကိုတော့ DNA molecules လို့ခေါ်ပြီး လူတယောက်ရဲ့ ခန္ဓာကိုယ်မှာ DNA မော်လီကျူး ၂၃ ခုလောက်ပါဝင်ပြီး ၁ခုချင်းစီမှာ ၅၀၀,၀၀၀ မှ ၂.၅ သန်းအထိ အမျှင်လေးတွေ ပါဝင်ပါတယ်။ DNA မော်လီကျူးကတော့ ပျင်းမျှအားဖြင့် ၅ စင်တီမီတာလောက်ရှိပါတယ်။ ဒီထဲမှာပါဝင်တဲ့ ဆဲလ်တွေကတော့ ၃၇ ထရီလီယံလောက်ရှိပြီး ယင်းမော်လီကျူးတွေရဲ့ စမှတ်ဆုံးမှတ် အားလုံးပေါင်းကို အပြင်မှာ ဆန့်ထုတ်လိုက်ပါက 2×1014 မီတာလောက်ရှိပါတယ်။ ပလူတိုဂြိုလ်ကို ၁၇ ကြိမ်လောက် လှည့်ပတ်ပြီးသွားလို့ရတဲ့ အရှည်ရှိပါတယ်။ နေနဲ့ ပလူတိုဂြိုလ် အသွားအပြန် အကွာအဝေးကတော့ 1.2×1013 မီတာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ်ကြီးက တော်တော်ထူးဆန်းပါတယ်။ တချို့လူတွေကျတော့ ချွင်းချက်အနေနဲ့ မတူညီကွဲပြားတာတွေလည်း ရှိပါတယ်။

၂.လူတွေရဲ့ ခန္ဓာကိုယ်ဟာ လူသားဆဲလ်တွေထက် ဘတ်တီးရီးယားဆဲလ်တွေကို သယ်ဆောင်တာ ပိုများပါတယ်။

ကျွန်တော်တို့ နေ့စဉ် ပတ်ဝန်းကျင်မှာ ကြုံနေရတဲ့ ကျွန်တော်တို့ လက်တွေကို အမြဲတမ်း၊ မဆေးနိုင်တာ၊ တယောက်ယောက်က အနားမှာ နှာလာချေသွားတာ၊ သူအများသုံးတဲ့အရာတွေကို ကိုင်မိတာ၊ ကျွန်တော်တို့ ရှုသွင်းနေတဲ့ လေတွေမှာ ဘတ်တီးရီးယားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်က နေ့စဉ် ဂါလန်ဝက်လောက်ရှိတဲ့ ဘတ်တီးရီးယားတွေကို သယ်ယူနေရပြီး ဒီပမာဏကတော့ လူသားဆဲလ်တွေရဲ့ ၁၀ ဆလောက်များပါတယ်။ ဒါကိုတော့ သိပ္ပံပညာရှင် တစ်ယောက်က သက်သေပြခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း ဘတ်တီးရီးယားတွေ အများကြီး သယ်ရလို့ စိတ်မပူပါနဲ့။ ခန္ဓာကိုယ်ကို များစွာ အထောက်အကူပြုတဲ့ ဘတ်တီးရီးယားတွေ ရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးကလည်း ဒီဘတ်တီးရီးယားတွေမရှိရင် အသက်မရှင်နိုင်ပါဘူး။ ဥပမာ ဘတ်တီးရီးယားတွေက ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေကနေ စွမ်းအားတွေကို အသုံးချပြီး ဓါတုပစ္စည်းတွေကို ထုတ်လုပ်ပေးပါတယ်။ ထို့နောက် ဘတ်တီးရီးယားတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အူလမ်းကြောင်းအတွက်အလွန် အရေးပါပြီး မလိုအပ်တဲ့အရာတွေကို စီစစ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

၃.သင်တို့မှာ တံထွေးမရှိပဲ အစားအစာတွေကို အရသာခံလို့မရပါဘူး။

ကျွန်တော်တို့ အစားအစာတွေကို အရသာခံတတ်ကြပါတယ်။ ပထမဦးဆုံးအနေနဲ့ အစားအစာ စပြီးတော့ စားပါက တံထွေးထဲမှာ အရင်ဆုံးပျော်ဝင်ကြရပါတယ်။ ဒီလိုပျော်ဝင်ပြီးတော့ လျှာပေါ်မှာရှိတဲ့ အဖုသေးသေးလေးတွေ မြောက်များစွာကတော့တံထွေးနဲ့ ပေါင်းပြီး အရသာဆိုတာကြီးကို သိနိုင်တာ ဖြစ်ပါတယ်။ သိပ္ပံပညာတစ်ခုရဲ့ စမ်းသပ်ချက်အရ သန့်ရှင်းသော အဝတ်စနဲ့ သင်ရဲ့လျှာအတွင်းမှာ ခြောက်သွားအောင် သုတ်လိုက်ပါ။ ပြီးတော့ ခြောက်ကပ်ကပ် အစားအစာတွေ ဖြစ်တဲ့ ကွတ်ကီး၊ ဘီစကစ်တွေကို လျှာပေါ်မှာ အရသာခံကြည့်ပါ။ ပြီးတော့ ရေတခွက်သောက်လိုက်ပါ။ ပြီးတော့ ခုနကအတိုင်း ကွတ်ကီးကို လျှာပေါ်မှာ တင်ထားကြည့်ပါ။ အရသာက လုံးဝ ကွာခြားသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ထမင်းစားတဲ့အချိန် ခြောက်ကပ်ကပ်ဖြစ်ရင် ထမင်းစားမဝင်ကြတာလည်း ဖြစ်ပါတယ်။

၄.ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေပြီးပြည့်စုံစွာ လည်ပတ်ဖို့ ၆၀ စက္ကန့်ကြာပါတယ်။

ကျွန်တော် လူသားတွေရဲ့ ခန္ဓာကိုယ်မှာ သွေးတွေဟာ ပျမ်းမျှအနေနဲ့ ၅ လီတာရှိပါတယ်။ ကျွန်တော်တိ့ု လူသားတွေရဲ့ နှလုံးကလည်း တစ်ချက်ခုန်တိုင်းမှာ ပျမ်းမျှသွေး ၇၀ မီလီလီတာကို ထုတ်ပေးပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကတော့ ပုံမှန်အားဖြင့် တစ်မိနစ် နှလုံးခုန်နှုန်းဟာ ၇၀ ကြိမ်ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကောင်းလားမကောင်းလားဆိုတာ ကိုတော့ ကိုယ်တိုင်အပြင်ကနေ စမ်းသပ်ကြည့်လို့ရပါတယ်။ သင့်ခန္ဓာကိုယ်က သွေး ၄.၉ လီတာဟာ တစ်မိနစ်မှာ ပြီးပြည့်စုံစွာ လည်ပတ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တိ့ု ခန္ဓာကိုယ်က နွေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိနစ်တိုင်းမှာ ကျွန်တော်တို့ ခန္ဓာကိုယ် အနှံမှာ သွေးခုန်နှုန်းတွေကို ကြားနေရတာ ဖြစ်ပါတယ်။

၅.စကြာဝဠာကြီးကို နဂါးငွေ့တန်း 50,000,000,000 နဲ့ ပြုလုပ်ထားပါတယ်။

သာမန်နဂါးငွေ့တန်းတစ်ခုမှာတော့ ကြယ်ပေါင်း 10,000,000,000 နဲ့ 1,000,000,000,000 ကြားမှာရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးလည်း စကြာဝဠာကြီးမှာရှိတဲ့ ဂြိုလ်ပေါင်း ၁၀၀ ဘီလီယံလောက်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိချိန်ထိတော့ ကျွန်တော်တို့လို ရှင်သန်နေတဲ့သူတွေရှိတဲ့ အခြားဂြိုလ်တစ်ခုကိုတော့ မျက်ဝါးထင်ထင်မတွေ့ရသေးပါဘူး။ လေ့လာချက်အရ သစ်ပင်တွေ ကုန်းမြေတွေ ရေတွေ သံယံဇာတတွေ သင့်တင့်လျောက်ပတ်စွာရှိတဲ့ ဂြိုလ်ကတော့ ကျွန်တော်တို့ ကမ္ဘာဂြိုလ်တစ်ခုထဲသာ ရှိပါတယ်။ အခြားလေ့လာထားတဲ့ ဂြိုလ်တွေကတော့ တခုမဟုတ်တခု ချွတ်ယွင်းချက်တွေရှိသလို အားသာချက်တွေလည်း ရှိပါတယ်။

 

84 Views

Leave a Reply

Your email address will not be published. Required fields are marked *